ဂစ်တာ ကြိုးညှိဖို့အတွက် Digital Guitar Tuner
Posted by lawlawsal on November 6, 2009
Posted in ဖိုင်များ | Tagged: files | 1 Comment »
ချယ်လ်ဆီး Vs မန်ချက်စတာ ယူနိုက်တက် ပွဲကြီးပွဲကောင်း မတိုင်မီ ပရိသတ်များ၏ အမြင်များ – SoccerMyanmar
Posted by lawlawsal on November 6, 2009
Soccer Myanmar
ချယ်လ်ဆီး Vs မန်ချက်စတာ ယူနိုက်တက် ပွဲကြီးပွဲကောင်း မတိုင်မီ ပရိသတ်များ၏ အမြင်များ
ပရိသတ် – လောလောဆယ် (ချယ်လ်ဆီး)
ဘယ်သူ ခြေသာမယ် ထင်လဲ?
ချယ်လ်ဆီးပဲ ပိုခြေသာမယ် ထင်တယ်၊ ဘာလို့လဲ ဆိုတော့ ဒီရက်ပိုင်း ခြေစွမ်းက အရမ်းကောင်း နေတယ်လေ။
ကိုယ့်အသင်းရဲ့ အားသာချက်?
ပွဲတိုင်း လိုလိုမှာ ဒရော့ဘာက ဂိုးသွင်းနေတယ်။ နောက်ပြီး အသင်း ကစားပုံကလည်း အချိတ်အဆက် မိနေတယ်။
ပြိုင်ဘက်ရဲ့ ကြောက်စရာ အကောင်းဆုံး အရာ?
တိုက်စစ်လို့ ထင်တယ်။ မန်ယူက ဂိုးသွင်းတာ တိကျတယ်။ နောက်ပြီး ချယ်လ်ဆီးနဲ့ တွေ့တိုင်းလည်း နေရာစုံကနေ ဂိုးသွင်းနေတတ်တယ်။
အနိုင်ရမယ်လို့ ယုံကြည်လား?
သရေလည်း ဖြစ်နိုင်တယ်။ အသင်းကြီး နှစ်သင်း တွေ့တာဆိုတော့ ဘာမဆို ဖြစ်နိုင်တယ်လေ။
ခန့်မှန်း ရလဒ်?
ချယ်ဆီး ၂ – ၁ မန်ယူ
Posted in တစ်ခြား | Tagged: soccer | Leave a Comment »
Happy Birthday My Sisiter
Posted by lawlawsal on November 2, 2009
birthdaysister.gif’ />

ဒီနေ့က ကျွန်တော့် မမ မေဖြိုးသီ ရဲ့မွေးနေ့ လေ။အင်း.. ဒါ့ကြောင့် မွေးနေ့မှာ ပျော်ရွှုင်ပါစေလို့..နောက်ပြီး ဘ၀တစ်လျှောက်လုံးမှာလဲ ပျော်ရွှုင်ပါစေလို့… အသက် ၁၀၀၀
အထိ ပျော်ရွှင်စွာ ဘ၀ကို ဖြတ်သန်း လျှောက်လှမ်းနိုင်ပါစေလို့ သားသား ရဲ့ ဒီဘလော့လေး
ကနေ ချစ်လှစွာတော့ မမကို မွေးနေ့ ဆုတောင်းပေးလိုက်ရပါတယ်..။
Birthday Present Box!! What do u think it’s inside the box??hmm.. It’s something inside.That may be the air.
Posted in တစ်ခြား | Tagged: Wishing | Leave a Comment »
ကိုယ့်စိတ်ကြိုက်ဒဇိုင်းနဲ့ Search Engine
Posted by lawlawsal on October 25, 2009
http://mistake51area.ning.com/forum/topics/search-engine
ကိုယ့်အတွေးစိတ်ကြိုက်ဒဇိုင်းနဲ့ Homepage အဖြစ်လုပ်ထားလို့ရတာပေါ့်။
ShinySearch လင့် က တော့ http://www.shinysearch.com ပါ။

ဒါကတော့ Hunting ဒဇိုင်းနဲ့ လုပ်ထားတဲ့ဟာလေးပါ။

Posted in တစ်ခြား | Tagged: website | Leave a Comment »
aurorageneration ဆူမိုပေါက်စီ, ဇာတ်လမ်းလေးတစ်ပုဒ်
Posted by lawlawsal on October 24, 2009
ဒီဇာတ်လမ်းလေးကိုတော့ ကျွန်တော် တော်တော်ကြိုက်ပါတယ်။ခံစားချက်အပြည့်နဲ့ဖတ်ကြည့်
ပါ။ ကိုယ်တကယ်ဖြစ်နေရသလိုပဲ.။
___________________________________________________________
ကျွန်မ ရဲ့ခင်ပွန်းက software engineer တစ်ယောက်ပါ။ သူ့ ရဲ့ တည်ငြိမ်တဲ့ စရိုက်လေးကို ကျွန်မချစ်တယ်။ သူ့ ပုခုံးပြင်ကျယ်ကြီးပေါ် မှီလိုက်တိုင်း ရရှိလာတဲ့ နွေးထွေးတဲ့ ခံစားမှုလေးကို ကျွန်မချစ်တယ်။
ကျွန်မတို့ ချစ်သက်တမ်း နှစ် နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာ အခုဆို အိမ်ထောင်သက် ငါးနှစ်တောင်ရှိနေပါပြီ။ ဒါပေမယ့် ဒီအိမ်ထောင်ရေးကို ကျွန်မငြီးငွေ့ လာပြီလို့ ဝန်ခံပါရစေ။ သူ့ အပေါ်ချစ်ရတဲ့အကြောင်းတွေကလည်း ကျွန်မအတွက် စိတ်ပင်ပန်းစရာတွေ အဖြစ်ပြောင်းလဲနေပါပြီ။
ကျွန်မစိတ်က သိပ်ပြီးထိခိုက်ခံစားလွယ်ခဲ့တယ်။ ကျွန်မတို့ ရဲ့ ဆက်ဆံရေးနဲ့ ကျွန်မခံစားချက်တွေအပေါ် ကျွန်မသိပ်ကို ခံစားလွယ်ခဲ့တယ်။ ကလေးငယ်လေးတစ်ယောက် ချိုချဉ်သကြားလုံးကို တပ်မက်တွယ်တာသလို ကျွန်မတို့ ရဲ့ဆွတ်ပျံ့ ကြည်နူးဖွယ်ကောင်းခဲ့တဲ့ အချိန်ခဏလေးတွေကို တမ်းတနေတယ်။ သူခံစားချက်ကတော့ ကျွန်မခံစားချက်နဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့် ကျင်ဖက်ဖြစ်နေတယ်။ သူ့ ရဲ့တည်ငြိမ်နိုင်လွန်းမှုတွေ နဲ့ ကျွန်မတို့ ရဲ့ အိမ်ထောင်ရေးမှာ ရင်ခုန်ကြည်နူးဖွယ် အချိန်ကလေးတွေ မရှိဘူးလို့ ကျွန်မထင်လာတဲ့အခါမှာ အချစ်ဆိုတာကို ကျွန်မစိတ်နာစပြုလာတယ်။
နောက်ဆုံးတစ်နေ့ မှာတော့ ကျွန်မ သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို သူ့ ကိုပြောဖို့ ဆုံးဖြတ်လိုက်တော့တယ်။
“လမ်းခွဲမယ် ဟုတ်လား…ဘာလို့ လဲ ” သူ ထိတ်လန့် တကြားတော့မေးရှာပါတယ်။
“ကျွန်မ အရမ်းပင်ပန်းနေပြီ… ကမ္ဘာပေါ်မှာ ဖြစ်လာတဲ့ အဖြစ်အပျက်တိုင်းမှာ ဘာအကြောင်းပြချက်မှ မရှိပါဘူး…”
ဒီလောက်နဲ့ ပဲ ကျွန်မတို့ ဆွေးနွေးခန်း အဆုံးသတ်သွားတယ်။
အတွေးထဲနစ်နေတဲ့ ပုံစံနဲ့  သူတစ်ညလုံး ငြိမ်သက်နေခဲ့တယ်။ သူ့ ကိုကျွန်မစိတ်ပါပျက်လာတယ်။ သူကိုယ်တိုင်ရဲ့ ခံစားချက်ကို ထုတ်ဖော်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်စီက ကျွန်မ ဘာများထပ်ပြီးမျှော်လင့်နေရဦးမှာလဲ….
နောက်ဆုံးတော့ သူ ကျွန်မကို မေးခွန်းတစ်ခု မေးလာတယ်။ “ငါဘယ်လိုလုပ်ပေးရင် မင်းရဲ့စိတ်တွေကို ပြောင်းလဲနိုင်မလဲ” တဲ့။
လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဆိုတာ ပြင်လို့ မရရိုးထုံးစံပဲမဟုတ်လား…။ သူ့ အပေါ်မျှော်လင့်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ချက်တွေလည်း ပျောက်ဆုံးကုန်ပါပြီ။
သူ့ မျက်ဝန်းတွေထဲကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ကျွန်မဖြေလိုက်တယ်။ “ကျွန်မမေးခွန်းတစ်ခုမေးမယ်။ ဒါကို ရှင်အဖြေပေးနိုင်ရင် ကျွန်မ နှလုံးသားကို ပြန်ပြီးလှုပ်ခတ်နိုင်ရင် ကျွန်မရဲ့ ဆုံးဖြတ်ချက်ကိုပြင်လိုက်မယ်…”
“တောင်ထိပ်ဖျားမှာရှိနေတဲ့ ပန်းတစ်ပွင့်ကို ကျွန်မလိုချင်တယ်… အဲဒီပန်းပွင့်ကို ခူးလိုက်ရင် ရှင်သေရလိမ့်မယ် ဆိုတာလည်း ကျွန်မတို့ နှစ်ယောက်လုံး သိနေကြတယ်ဆိုပါတော့… ဒါဆို ဒီပန်းကို ရှင်ကျွန်မအတွက် ခူးပေးနိုင်မလား” ။
သူပြန်ဖြေတာကတော့ ….”မနက်ဖြန်ကျရင် မင်းကို ငါအဖြေပေးမယ်” ဆိုတာပဲ။ သူ့ စကားကိုကြားလိုက်တဲ့ တခဏမှာပဲ ကျွန်မရဲ့မျှော်လင့်ချက်တွေ စုန်းစုန်းမြုပ်သွားတယ်။
မနက်အိပ်ရာနိုးတော့ သူမရှိတော့ပါဘူး။ အိမ်ရှေ့ တံခါးနားက စားပွဲပေါ်မှာ နွားနို့ ခွက်နဲ့ ဖိထားတဲ့ သူ့ လက်ရေးနဲ့ ရေးထားတဲ့ စာတစ်စောင်ကိုပဲ ကျွန်မတွေ့ ရတယ်။
စာထဲမှာရေးထားတာကတော့….. “အချစ်ရယ်… ငါမင်းအတွက် အဲဒီပန်းပွင့်လေးကို မခူးပေးနိုင်ပါဘူး။ ဘာကြောင့်ငါဒီလိုပြောတယ်ဆိုတာကိုတော့ ငါ့ကို ရှင်းပြခွင့်ပေးပါ….။”
ပထမ စာတစ်ကြောင်းနဲ့ တင် ကျွန်မနှလုံးသားတွေ ကွဲကြေကုန်ပါပြီ။ စာကိုဆက်ဖတ်လိုက်ပါတယ်။
” မင်း ကွန်ပျူတာ သုံးတဲ့အခါတိုင်း ကွန်ပျူတာ ပရိုဂရမ်တွေအားလုံး ကမောက်ကမနဲ့ ရှုပ်ထွေးကုန်တယ်လေ…အဲဒီနောက် မင်း ကွန်ပျူတာဖန်သားပြင်ရှေ့ မှာငိုတော့တာပဲ။ ဒီပရိုဂရမ်တွေ နေသားတကျ ပြန်ဖြစ်အောင် မင်းကိုကူဖို့ အတွက် ငါ့လက်ချောင်းလေးတွေရှိနေမှရမယ်။ “
“မင်းအပြင်သွားတိုင်း အိမ်သော့ကို အမြဲမေ့ထားခဲ့တတ်တယ်နော်။ အဲဒီအခါကျရင် မင်းအရင်အိမ်ကို ရောက်နှင့်အောင် အပြေးပြန်လာဖို့ လည်း ငါ့ ခြေထာက်တွေရှိနေရဦးမယ်။”
“မင်းက ခရီးသွားနေရတာကိုလည်း ပျော်တယ်နော်။ မြို့ အသစ်တစ်ခုကို ရောက်တိုင်း မင်းမျက်စိလည် လမ်းမှားတော့တာပဲ။ မင်းကို လမ်းရှာပေးဖို့ ငါ့မျက်လုံးတွေလည်း လိုတယ်နော်ကွာ”
“မင်းနဲ့ မင်းသူငယ်ချင်းတွေ တစ်လတစ်ခါ ဂေါက်ရိုက်သွားတိုင်းလည်း မင်းရဲ့ ကြွက်သားတွေ နာနေတတ်တယ်လေ။ ဒီတော့ မင်းရဲ့ ဗိုက်သားလေးတွေ နာနေတာကို ဖြေပေးဖို့ ငါ့ရဲ့လက်ဖနောင့်လေးကိုလည်း ချန်ထားရလိမ့်မယ်”
“မင်းက အိမ်ထဲမှာနေရတာလည်း ကြိုက်တယ်။ မင်းအရွယ်မတိုင်ခင် အိုစာသွားမှာကို ငါသိပ်စိုးရိမ်တာပေါ့။ မင်းမပျင်းရအောင်လို့ ပုံပြင်တိုလေးတွေ ဟာသလေးတွေကို ပြောပြဖို့ ငါ့ပါးစပ်ကလေးလည်း ရှိနေရဦးမယ်”
“ကွန်ပျူတာ ဖန်သားပြင်တွေက မင်းမျက်လုံးအတွက် လုံးဝမကောင်းနိုင်ပေမယ့် မင်းတစ်ချိန်လုံးကြည့်နေတယ်လေ။ ငါတို့ အိုလာတဲ့အခါ မင်းရဲ့လက်သည်းလေးတွေ ညှပ်ပေးဖို့ …မင်းဆံပင်ဖြူတွေ နှုတ်ပေးဖို့ ငါ့မျက်လုံးလေးတွေရှိနေရမယ်မဟုတ်လား။ ကမ်းခြေမှာ လမ်းလျှောက်ထွက်တဲ့အခါလည်း မင်းလက်ကလေးကို ငါတွဲပေးနိုင်မယ်လေ။ နေရောင်အောက်က လှပနေတဲ့ သဲဖြူတွေကို မင်းနှစ်သက်တယ်လေ။ ပြီးတော့ မင်းကို ပန်းပွင့်လေးတွေရဲ့အရောင်ကို ပြောပြလို့ ရမယ်။ “
“ဒါကြောင့်ပါကွာ…မင်းကို ငါ့ထက်ပိုချစ်နိုင်မယ့်သူ ရှိမယ်လို့ မသေချာသေးသ၍ မင်းပြောတဲ့တောင်ပေါ်ကပန်းကို ခူးပြီး ငါမသေပါရစေနဲ့ ဦး။”
ကျွန်မ မျက်ရည်တွေ စာရွက်ပေါ် ပိုးပိုးပေါက်ပေါက် လှိမ့်ဆင်းလာတော့တယ်။ သူ့ လက်ရေး နဲ့ မင်လေးတွေ့ စာရွက်ပေါ် ပြန့် သွားတဲ့အထိပါပဲ။ စာကို ကျွန်မ ဆက်ဖတ်ပါသေးတယ်။
“ကဲအခုလောက်ဆို မင်းလည်းစာကို ဖတ်ပြီးလောက်ပြီ။ ငါ့အဖြေကို မင်းကျေနပ်တယ်ဆိုရင်… မင်းအတွက် လတ်လတ်ဆတ်ဆတ် နွားနို့ နဲ့ ပေါင်မုန့် တွေဝယ်လာပြီး အိမ်ပြင်မှာ ရပ်နေတဲ့ ငါ့ကို တံခါးလာဖွင့်လှည့်ကွာ..”
ကျွန်မအပြေးအလွှား တံခါးသွားဖွင့်တဲ့အခါ သူ့ ရဲ့စိုးရိမ်တကြီးဖြစ်နေတဲ့ မျက်နှာလေးကို တွေ့ လိုက်ရတယ်။ လက်ထဲမှာလည်း နို့ ပုလင်းတွေ၊ ပေါင်မုန့် တွေ တစ်ပွေ့ တပိုက်နဲ့ ပေါ့။ အခုတော့ သေချာသွားပါပြီ။ သူ့ လောက် ကျွန်မအပေါ် ဘယ်သူမှ မချစ်နိုင်ဘူးဆိုတာ သေချာသွားပါပြီ။ တောင်ပေါ်က ပန်းပွင့်လေးကိုလည်း သူ့ ဘာသာ တစ်ပွင့်တည်းရှိပါစေတော့…. ဒါဟာ ဘဝပါပဲ..အချစ်ဆိုတာလဲ ဒါပါပဲ။
ကိုယ့်အနားမှာ အမြဲတမ်းအချစ်ရှိနေတဲ့အခါ စိတ်လှုပ်ရှားတဲ့ ခံစားချက်တွေ မှေးမှိန်နေသလိုပါပဲ။ အဲဒီအခါ ငြိမ်းချမ်းမှုနဲ့ မှေးမှိန်ပျောက်ကွယ်မှုတွေ ရဲ့ကြားထဲမှာ တည်နေတဲ့ အချစ်ကို မျက်ကွယ်ပြုဖို့ ကြိုးစားတော့တာပါပဲ။
အချစ်ဆိုတာ ပုံစံမျိုးစုံနဲ့ ထွက်ပေါ်လာပါတယ်။ အလွန်သေးငယ်ပြီးတဲ့ပုံစံ နဲ့ လည်းဖြစ်နိုင်တယ်…. သူ့ မှာစံပုံစံဆိုတာမရှိပါဘူး။ အမှေးမှိန်ဆုံးပုံစံလေးလဲ ဖြစ်နိုင်တယ်..ငြီးငွေ့ ဖွယ်ပုံစံနဲ့ ရောပေါ့။
ပန်းပွင့်တွေ…စိတ်လှုပ်ရှားစရာတွေ ဟာ အပေါ်ယံပါဆက်ဆံရေးတစ်ခုပါပဲ.. အဲဒါတွေ အားလုံးရဲ့ အတွင်းကျကျနေရာမှာတော့ အချစ်စစ်ရဲ့ အဓိက နေရာရှိနေပါတယ်။ ပြီးတော့ ဒါဟာ ဘဝပါပဲ….
*မူရင်းက ဒီနေရာကပါ http://funlok.com/index.php/story/love-life.html
*အပေါ်က ပုံလေးကို http://www.flickr.com/photos/moemoechi/1246549971/ ကနေ ယူသုံးထားပါတယ်
Posted in တစ်ခြား | Tagged: Blog | 1 Comment »
Taskbar ပေါ် က task တစ်ခုခု ကို ပိတ်လို့မရတဲ့ ပြသနာကို ဖြေရှင်းဖို့
Posted by lawlawsal on October 19, 2009
ကျွန်တော်တို့ တစ်ခါတလေ Task တစ်ချို့တစ်လေကို တစ်ခါတစ်လေ ပိတ်ချင်တဲ့ အချိန်ကြရင် ကွန်ပြူတာက
ပိတ်လို့ မရပဲ ကြောင်နေတတ်ပါတယ်။ Taskbar ပေါ်မှာ Right Click ~ Close နဲ့ လည်း ပိတ်လို့မရပါဘူး ။ဒီအချိန်မှာ
ဒီနည်းလမ်းသေး လေးနဲ့ ပိတ်လို့ရပါတယ်။
ပထမဦးဆုံး ဘေးက Task Bar ပေါ်မှာ Right Click ~ Task Manager ကိုသွားပါ။ဒီလိုမျိုးပါ။


အဲ့ဒီ Task manager ထဲမှာတော့ ကိုယ်လိုချင်တဲ့ Task ကိုရွေးပြီး End Task လုပ်လိုက်ဖို့ပါပဲ။ဒီနေရာမှာ
တစ်ခုခု ပေါ်လာရင် End now ပဲနှိပ်လိုက်ပါ။
Posted in ပညာ | Tagged: နည်းပညာ | Leave a Comment »
Icon နာမည်ကို မြန်မာလို ရေးမယ်
Posted by lawlawsal on October 15, 2009

ဒီနည်းကတော့ လူတော်တော်များများ သိပြီးသားနည်းလေးပါ။ Desktop ပေါ်က Icon လေးတွေကို မြန်မာစာရိုက်လို့ရအောင် လုပ်တဲ့နည်းလေးပါ။ သိပြီးသားလူတွေကတော့မသိချင်ယောင် ဆောင်ပေးပေါ့်နော်..
၁။ ပထမဆုံး Desktop ပေါ်မှာ Right Click သွားပြီး Properties ကိုနှိပ်ပေးပါ။
၂။Properties ထဲမှာ Appearance tab ကိုသွားပါ။
၃။Appearance ကို ရောက်ရင် Advanced ဆိုတဲံ့ button လေးကို နှိပ်ပေးပါ။
၎။Advanced ကိုရောက်ရင်တော့ အပေါ်ဆုံးက Item list ထဲက Icon ဆိုတာလေး
ရွေးပေးပါ။ ပြီးရင်အောက် Font နေရာမှာ Zawgyi Font ကိုရွေးပေးပါ။
Apply ~ OK လုပ်ပြီးရင် Icon လေးတွေကို မြန်မာလို Rename ပေးနိုင်သွားပါပြီ။
Posted in ပညာ | Tagged: နည်းပညာ | Leave a Comment »
ဖိုတို မန်နေဂျာ ၂၀၁၀ standard ၂.၀ R1
Posted by lawlawsal on October 11, 2009
Photo Manager 2010 Standard 2.0 R1
Preview, organize, edit, and print your digital photos with Photo Manager 2010. Find images on your computer and remove duplicates. Assign keywords, ratings, and captions to your photos, and then pick the required photo from the database in one second.

Posted in ဖိုင်များ | Tagged: files | Leave a Comment »
Free Easy Word to Pdf Converter 5.6
Posted by lawlawsal on October 10, 2009
ကျွန်တော့်မှာရှိနေလို့ ပေးလိုက်တယ်..။ ဒါလေးက doc, docm, docx, rtf, txt အစရှိတဲ့ documents တွေကို PDF အဖြစ်ပြောင်းနိုင်ပါတယ်။သုံးရတာ လွယ်ကူပါတယ်။
Posted in ဖိုင်များ | Tagged: Software | 1 Comment »
Flock Browser နဲ့ မိတ်ဆက်ချင်း
Posted by lawlawsal on October 6, 2009
Flock Browser ဆို တာအခုတလော လူတွေ အသုံးများနေတဲ့ Browser တစ်ခုပဲဖြစ်ပါတယ်..။Flock ကို Mozilla ကပဲ ပြုလုပ်ထားတာဖြစ်ပါတယ်..။ Flock ဟာ
Firefox လိုပဲ မြန်ပြီး သုံးရတာ လွယ်ကူပါတယ်…။ ဒီဇိုင်း အဆန်းလေးတွေနဲ့ လုပ်ထားတာမို့လို့ သုံးရတာ အကြိုက်တွေ့မှာပါ။
Flock 2.5 Features တွေအနေနဲ့
Activate Services and Unite Your Social Networks in the People Sidebar
View and Share Media through the Media Bar
Share Pictures, Text, Audio and Video
Broadcast your activities with FlockCast
Set Up Webmail in Flock
Activate and Manage Blogs
Track Feeds
Use Enhanced Search Tools and Favorites Organizing
Personalize Flock and My World
Ensure Privacy and Manage Security
Get or Build Add-ons for Flock
တို့ပဲဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။


Posted in ဖိုင်များ | Tagged: Software | Leave a Comment »





