lawlawsal

lawlawsal's blog

  • Join me on Facebook!

  • lawlawsal

    ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
    Blog Name - lawlawsal

    Blog Address -
    http://houseofit.wordpress.com
    http://lawlawsal4.co.cc

    Created Date - 1st January 2009

    Mail Address - lawlawsal@gmail.com
    ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

Posts Tagged ‘Blog’

aurorageneration ဆူမိုပေါက်စီ, ဇာတ်လမ်းလေးတစ်ပုဒ်

Posted by lawlawsal on October 24, 2009

ဒီဇာတ်လမ်းလေးကိုတော့ ကျွန်တော် တော်တော်ကြိုက်ပါတယ်။ခံစားချက်အပြည့်နဲ့ဖတ်ကြည့်
ပါ။ ကိုယ်တကယ်ဖြစ်နေရသလိုပဲ.။
___________________________________________________________
ကျွန်မ ရဲ့ခင်ပွန်းက software engineer တစ်ယောက်ပါ။ သူ့ ရဲ့ တည်ငြိမ်တဲ့ စရိုက်လေးကို ကျွန်မချစ်တယ်။ သူ့ ပုခုံးပြင်ကျယ်ကြီးပေါ် မှီလိုက်တိုင်း ရရှိလာတဲ့ နွေးထွေးတဲ့ ခံစားမှုလေးကို ကျွန်မချစ်တယ်။

ကျွန်မတို့ ချစ်သက်တမ်း နှစ် နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာ အခုဆို အိမ်ထောင်သက် ငါးနှစ်တောင်ရှိနေပါပြီ။ ဒါပေမယ့် ဒီအိမ်ထောင်ရေးကို ကျွန်မငြီးငွေ့ လာပြီလို့ ဝန်ခံပါရစေ။ သူ့ အပေါ်ချစ်ရတဲ့အကြောင်းတွေကလည်း ကျွန်မအတွက် စိတ်ပင်ပန်းစရာတွေ အဖြစ်ပြောင်းလဲနေပါပြီ။

ကျွန်မစိတ်က သိပ်ပြီးထိခိုက်ခံစားလွယ်ခဲ့တယ်။ ကျွန်မတို့ ရဲ့ ဆက်ဆံရေးနဲ့ ကျွန်မခံစားချက်တွေအပေါ် ကျွန်မသိပ်ကို ခံစားလွယ်ခဲ့တယ်။ ကလေးငယ်လေးတစ်ယောက် ချိုချဉ်သကြားလုံးကို တပ်မက်တွယ်တာသလို ကျွန်မတို့ ရဲ့ဆွတ်ပျံ့ ကြည်နူးဖွယ်ကောင်းခဲ့တဲ့ အချိန်ခဏလေးတွေကို တမ်းတနေတယ်။ သူခံစားချက်ကတော့ ကျွန်မခံစားချက်နဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့် ကျင်ဖက်ဖြစ်နေတယ်။ သူ့ ရဲ့တည်ငြိမ်နိုင်လွန်းမှုတွေ နဲ့ ကျွန်မတို့ ရဲ့ အိမ်ထောင်ရေးမှာ ရင်ခုန်ကြည်နူးဖွယ် အချိန်ကလေးတွေ မရှိဘူးလို့ ကျွန်မထင်လာတဲ့အခါမှာ အချစ်ဆိုတာကို ကျွန်မစိတ်နာစပြုလာတယ်။

နောက်ဆုံးတစ်နေ့ မှာတော့ ကျွန်မ သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို သူ့ ကိုပြောဖို့ ဆုံးဖြတ်လိုက်တော့တယ်။

“လမ်းခွဲမယ် ဟုတ်လား…ဘာလို့ လဲ ” သူ ထိတ်လန့် တကြားတော့မေးရှာပါတယ်။

“ကျွန်မ အရမ်းပင်ပန်းနေပြီ… ကမ္ဘာပေါ်မှာ ဖြစ်လာတဲ့ အဖြစ်အပျက်တိုင်းမှာ ဘာအကြောင်းပြချက်မှ မရှိပါဘူး…”

ဒီလောက်နဲ့ ပဲ ကျွန်မတို့ ဆွေးနွေးခန်း အဆုံးသတ်သွားတယ်။

အတွေးထဲနစ်နေတဲ့ ပုံစံနဲ့  သူတစ်ညလုံး ငြိမ်သက်နေခဲ့တယ်။ သူ့ ကိုကျွန်မစိတ်ပါပျက်လာတယ်။ သူကိုယ်တိုင်ရဲ့ ခံစားချက်ကို ထုတ်ဖော်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်စီက ကျွန်မ ဘာများထပ်ပြီးမျှော်လင့်နေရဦးမှာလဲ….

နောက်ဆုံးတော့ သူ ကျွန်မကို မေးခွန်းတစ်ခု မေးလာတယ်။ “ငါဘယ်လိုလုပ်ပေးရင် မင်းရဲ့စိတ်တွေကို ပြောင်းလဲနိုင်မလဲ” တဲ့။

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဆိုတာ ပြင်လို့ မရရိုးထုံးစံပဲမဟုတ်လား…။ သူ့ အပေါ်မျှော်လင့်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ချက်တွေလည်း ပျောက်ဆုံးကုန်ပါပြီ။

သူ့ မျက်ဝန်းတွေထဲကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ကျွန်မဖြေလိုက်တယ်။ “ကျွန်မမေးခွန်းတစ်ခုမေးမယ်။ ဒါကို ရှင်အဖြေပေးနိုင်ရင် ကျွန်မ နှလုံးသားကို ပြန်ပြီးလှုပ်ခတ်နိုင်ရင် ကျွန်မရဲ့ ဆုံးဖြတ်ချက်ကိုပြင်လိုက်မယ်…”

“တောင်ထိပ်ဖျားမှာရှိနေတဲ့ ပန်းတစ်ပွင့်ကို ကျွန်မလိုချင်တယ်… အဲဒီပန်းပွင့်ကို ခူးလိုက်ရင် ရှင်သေရလိမ့်မယ် ဆိုတာလည်း ကျွန်မတို့ နှစ်ယောက်လုံး သိနေကြတယ်ဆိုပါတော့… ဒါဆို ဒီပန်းကို ရှင်ကျွန်မအတွက် ခူးပေးနိုင်မလား” ။

သူပြန်ဖြေတာကတော့ ….”မနက်ဖြန်ကျရင် မင်းကို ငါအဖြေပေးမယ်” ဆိုတာပဲ။ သူ့ စကားကိုကြားလိုက်တဲ့ တခဏမှာပဲ ကျွန်မရဲ့မျှော်လင့်ချက်တွေ စုန်းစုန်းမြုပ်သွားတယ်။

မနက်အိပ်ရာနိုးတော့ သူမရှိတော့ပါဘူး။ အိမ်ရှေ့ တံခါးနားက စားပွဲပေါ်မှာ နွားနို့ ခွက်နဲ့ ဖိထားတဲ့ သူ့ လက်ရေးနဲ့ ရေးထားတဲ့ စာတစ်စောင်ကိုပဲ ကျွန်မတွေ့ ရတယ်။

စာထဲမှာရေးထားတာကတော့….. “အချစ်ရယ်… ငါမင်းအတွက် အဲဒီပန်းပွင့်လေးကို မခူးပေးနိုင်ပါဘူး။ ဘာကြောင့်ငါဒီလိုပြောတယ်ဆိုတာကိုတော့ ငါ့ကို ရှင်းပြခွင့်ပေးပါ….။”

ပထမ စာတစ်ကြောင်းနဲ့ တင် ကျွန်မနှလုံးသားတွေ ကွဲကြေကုန်ပါပြီ။ စာကိုဆက်ဖတ်လိုက်ပါတယ်။

” မင်း ကွန်ပျူတာ သုံးတဲ့အခါတိုင်း ကွန်ပျူတာ ပရိုဂရမ်တွေအားလုံး ကမောက်ကမနဲ့ ရှုပ်ထွေးကုန်တယ်လေ…အဲဒီနောက် မင်း ကွန်ပျူတာဖန်သားပြင်ရှေ့ မှာငိုတော့တာပဲ။ ဒီပရိုဂရမ်တွေ နေသားတကျ ပြန်ဖြစ်အောင် မင်းကိုကူဖို့ အတွက် ငါ့လက်ချောင်းလေးတွေရှိနေမှရမယ်။ “

“မင်းအပြင်သွားတိုင်း အိမ်သော့ကို အမြဲမေ့ထားခဲ့တတ်တယ်နော်။ အဲဒီအခါကျရင် မင်းအရင်အိမ်ကို ရောက်နှင့်အောင် အပြေးပြန်လာဖို့ လည်း ငါ့ ခြေထာက်တွေရှိနေရဦးမယ်။”

“မင်းက ခရီးသွားနေရတာကိုလည်း ပျော်တယ်နော်။ မြို့ အသစ်တစ်ခုကို ရောက်တိုင်း မင်းမျက်စိလည် လမ်းမှားတော့တာပဲ။ မင်းကို လမ်းရှာပေးဖို့ ငါ့မျက်လုံးတွေလည်း လိုတယ်နော်ကွာ”

“မင်းနဲ့ မင်းသူငယ်ချင်းတွေ တစ်လတစ်ခါ ဂေါက်ရိုက်သွားတိုင်းလည်း မင်းရဲ့ ကြွက်သားတွေ နာနေတတ်တယ်လေ။ ဒီတော့ မင်းရဲ့ ဗိုက်သားလေးတွေ နာနေတာကို ဖြေပေးဖို့ ငါ့ရဲ့လက်ဖနောင့်လေးကိုလည်း ချန်ထားရလိမ့်မယ်”

“မင်းက အိမ်ထဲမှာနေရတာလည်း ကြိုက်တယ်။ မင်းအရွယ်မတိုင်ခင် အိုစာသွားမှာကို ငါသိပ်စိုးရိမ်တာပေါ့။ မင်းမပျင်းရအောင်လို့ ပုံပြင်တိုလေးတွေ ဟာသလေးတွေကို ပြောပြဖို့ ငါ့ပါးစပ်ကလေးလည်း ရှိနေရဦးမယ်”

“ကွန်ပျူတာ ဖန်သားပြင်တွေက မင်းမျက်လုံးအတွက် လုံးဝမကောင်းနိုင်ပေမယ့် မင်းတစ်ချိန်လုံးကြည့်နေတယ်လေ။ ငါတို့ အိုလာတဲ့အခါ မင်းရဲ့လက်သည်းလေးတွေ ညှပ်ပေးဖို့ …မင်းဆံပင်ဖြူတွေ နှုတ်ပေးဖို့ ငါ့မျက်လုံးလေးတွေရှိနေရမယ်မဟုတ်လား။ ကမ်းခြေမှာ လမ်းလျှောက်ထွက်တဲ့အခါလည်း မင်းလက်ကလေးကို ငါတွဲပေးနိုင်မယ်လေ။ နေရောင်အောက်က လှပနေတဲ့ သဲဖြူတွေကို မင်းနှစ်သက်တယ်လေ။ ပြီးတော့ မင်းကို ပန်းပွင့်လေးတွေရဲ့အရောင်ကို ပြောပြလို့ ရမယ်။ “

“ဒါကြောင့်ပါကွာ…မင်းကို ငါ့ထက်ပိုချစ်နိုင်မယ့်သူ ရှိမယ်လို့ မသေချာသေးသ၍ မင်းပြောတဲ့တောင်ပေါ်ကပန်းကို ခူးပြီး ငါမသေပါရစေနဲ့ ဦး။”

ကျွန်မ မျက်ရည်တွေ စာရွက်ပေါ် ပိုးပိုးပေါက်ပေါက် လှိမ့်ဆင်းလာတော့တယ်။ သူ့ လက်ရေး နဲ့ မင်လေးတွေ့ စာရွက်ပေါ် ပြန့် သွားတဲ့အထိပါပဲ။ စာကို ကျွန်မ ဆက်ဖတ်ပါသေးတယ်။

“ကဲအခုလောက်ဆို မင်းလည်းစာကို ဖတ်ပြီးလောက်ပြီ။ ငါ့အဖြေကို မင်းကျေနပ်တယ်ဆိုရင်… မင်းအတွက် လတ်လတ်ဆတ်ဆတ် နွားနို့ နဲ့ ပေါင်မုန့် တွေဝယ်လာပြီး အိမ်ပြင်မှာ ရပ်နေတဲ့ ငါ့ကို တံခါးလာဖွင့်လှည့်ကွာ..”

ကျွန်မအပြေးအလွှား တံခါးသွားဖွင့်တဲ့အခါ သူ့ ရဲ့စိုးရိမ်တကြီးဖြစ်နေတဲ့ မျက်နှာလေးကို တွေ့ လိုက်ရတယ်။ လက်ထဲမှာလည်း နို့ ပုလင်းတွေ၊ ပေါင်မုန့် တွေ တစ်ပွေ့ တပိုက်နဲ့ ပေါ့။ အခုတော့ သေချာသွားပါပြီ။ သူ့ လောက် ကျွန်မအပေါ် ဘယ်သူမှ မချစ်နိုင်ဘူးဆိုတာ သေချာသွားပါပြီ။ တောင်ပေါ်က ပန်းပွင့်လေးကိုလည်း သူ့ ဘာသာ တစ်ပွင့်တည်းရှိပါစေတော့…. ဒါဟာ ဘဝပါပဲ..အချစ်ဆိုတာလဲ ဒါပါပဲ။

ကိုယ့်အနားမှာ အမြဲတမ်းအချစ်ရှိနေတဲ့အခါ စိတ်လှုပ်ရှားတဲ့ ခံစားချက်တွေ မှေးမှိန်နေသလိုပါပဲ။ အဲဒီအခါ ငြိမ်းချမ်းမှုနဲ့ မှေးမှိန်ပျောက်ကွယ်မှုတွေ ရဲ့ကြားထဲမှာ တည်နေတဲ့ အချစ်ကို မျက်ကွယ်ပြုဖို့ ကြိုးစားတော့တာပါပဲ။

အချစ်ဆိုတာ ပုံစံမျိုးစုံနဲ့ ထွက်ပေါ်လာပါတယ်။ အလွန်သေးငယ်ပြီးတဲ့ပုံစံ နဲ့ လည်းဖြစ်နိုင်တယ်…. သူ့ မှာစံပုံစံဆိုတာမရှိပါဘူး။ အမှေးမှိန်ဆုံးပုံစံလေးလဲ ဖြစ်နိုင်တယ်..ငြီးငွေ့ ဖွယ်ပုံစံနဲ့ ရောပေါ့။

ပန်းပွင့်တွေ…စိတ်လှုပ်ရှားစရာတွေ ဟာ အပေါ်ယံပါဆက်ဆံရေးတစ်ခုပါပဲ.. အဲဒါတွေ အားလုံးရဲ့ အတွင်းကျကျနေရာမှာတော့ အချစ်စစ်ရဲ့ အဓိက နေရာရှိနေပါတယ်။ ပြီးတော့ ဒါဟာ ဘဝပါပဲ….

*မူရင်းက ဒီနေရာကပါ http://funlok.com/index.php/story/love-life.html
*အပေါ်က ပုံလေးကို http://www.flickr.com/photos/moemoechi/1246549971/ ကနေ ယူသုံးထားပါတယ်

Posted in တစ်ခြား | Tagged: | 1 Comment »

ကျွန်တော် နှင့် Hamster

Posted by lawlawsal on August 23, 2009

ကျွန်တော်တို့ မိသားစု ဒီနေ့ မနက်စာ သွားစားရင်းနဲ့ ဟမ်းစတား (Hamster) ၀ယ်ဖြစ်ခဲ့ပါတယ်။ ဟမ်းစတား တစ်ကောင်ကို ၈၀၀၀ ကျပ်။ ဟမ်းစတား ၀ယ်ရတာထက် သူ့အတွက်လို အပ်တဲ့ ဟာတွေဝယ်ရတာက ပိုတောင် ဈေးကြီးသေးတယ်။ ဒီလိုနဲ့ ကျွန်တော် Hamster အမျိုးအစား Yellow Panda နဲ့ Panda ကို ရွေးလိုက်တာလေ။

အကောင်ဝယ်ရတာထက် သူ့လှောင်အိမ်က ပိုတောင် ဈေးကြီးသေးတယ်။ဆိုက် အလတ်ကို ၅၀၀၀၀ သောင်း ပေးရတယ်။နောက်ပြီး ပေါ်င်ဒါ ၊ ကစားဖို့ ကစားစရာ ၊ ဆေး ၊ နဲ့ တခြား ဘာညာကွိကွတွေ အတွက်ကို ပဲ ၃၀၀၀၀ ကျော်တယ်။ဒါပေမဲ့ ကျွန်တော် ၀ယ်ရတာမှာမဟုတ်တာ။ ကျွန်တော့်အဖေ ၀ယ်ပေးတာကိုး…ဟီး. :D ။ ကျွန်တော် ဟမ်းစတားကို ထင်ထားတာ ထက်တောင် အမှန်တကယ် အကောင်က သေးသေးလေး။ ထိုင်လိုက်ရင် ဘောလုံးသေးသေးလေး ကြနေတာပဲ။လုံးနေတာပဲ။

ဒါ့ကြောင့် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အလှမွေးဖို့ ဟမ်းစတားဝယ်မယ့်သူတွေတော့ နည်းနည်း စဉ်းစားသင့်တယ်နော်… :P


Panda


Panda နဲ့ Yellow Panda

Posted in တစ်ခြား | Tagged: | 4 Comments »

မန္တလေးမြှို့က ရန်ကုန် ပြောင်းမဲ့ နောက်ဆုံးနေ့

Posted by lawlawsal on August 17, 2009

ကျွန်တော် မန္တလေးကနေ ရန်ကုန်ကို မပြောင်းခင် နောက်ဆုံးရက် မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အမှတ်တရအနေနဲ့ ပြန်ပြထားတာပါ…


မောလိုက်တာ…ဖူး


ငါ.. ရူးများရူးနေလား ဟင်!


မနက် လေဆိပ်မသွားခင် မနက်စာ စာနေတုန်းက


ခွဲခွာရတော့မဲ့ မန္တလေးမြို့ကြီး ကို ၆ ထပ် က နောက်ဆုံးအကြည့်


လေဆိပ်မှာ လေယဉ်စောင့်နေစဉ်

မန္တလေး မြို့ကြီးရယ်…..

Posted in တစ်ခြား | Tagged: | 6 Comments »

အိမ်မက် ကမ္ဘာ

Posted by lawlawsal on August 16, 2009

ကျောင်းခေါ်င်းလောင်းတီးတဲ့ အချိန်ကို စောင့်နေရင်း ကျွန်တော် မုန့်အကြီးကြီးတစ်ခုကိုဝယ်ပါတယ်။ကျောင်းခေါ်င်းလောင်းတီးတဲ့ အချိန်ကို စောင့်နေရင်းပဲ
ညနေ ၆း၀၀ လောက်ရောက်သွားပါတယ်။အဲ
ဒီအချိန်မှာ ကျွန်တော်တို့ ဟိုတယ်တစ်ခုကိုရောက်သွားပါတယ်။အမှန်တော့ ကျောင်း ပရတ်တီကယ်လ်(Practical) အစောင်ကို ကြီးမားခန်းနားတဲ့ ဟိုတယ်အဖြစ်ပြောင်းထားတာပါ။

ဟိုတယ်ယောက်တော့ လုံးဝကို တစ်ကမ္ဘာလုံး အလင်းမရှိတဲ့ အတိုင်းမှောင်နေပြီး ကျွန်တော် မုန့်ဝယ်စားဖို့ စိုပြီး တစ်ယောက်ထဲ အအောက်ဆင်းသွားပါတယ်။အောက်ဆင်းတော့လဲ ကျောင်းနေရာတိုင်းဟာ မှောင်မဲနေပြီး ဘာကိုဘာမှ မတွေ့ရတော့ပါဘူး။အဲ ဒီကနေမှာ ဖျတ်ဆိုပြီးတော့ တစ်ယောက်အိပ်အခန်းလေးထဲယောက်သွားပြီး ကျွန်တော် အိပ်ချင်လို့ အဲ့ဒီမှာ တရေးအိပ်လိုက်ပြီး ခဏနေတော့ အမေက လာနှိုးတယ်။အိမ်ပြန်တော့မဲ့ ပုံစံမျိုး
နဲ့။

ကျောင်းအောက်ကို ပြန်ရောက်သွားပြီ လူတွေအကုန်လုံး တစ်ခုခုကို လန့်နေကြတယ်။
ကျွန်တော်ကတော့ ဘာမှန်းမသိ။ဘေးက ကျွန်တော့်မိသားစုကိုလမ်းမေးတော့ မရှင်းတစ်ရှင်းနဲ့ တစ်ခုခုကို လှမ်းပြောတယ်။အဲ့ဒီအချိန်မှာ ကျွန်တော့်စိတ်ထဲတွေးမိတာက ဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခု ကြောက့် ကမ္ဘာပြက်မယ်ဆိုပြီး အတွေးရှိပြီး။ အကုန်လုံးက ကြောက်လန့်နေကြတယ်…

မကြာခင်မှာ ကျောင်းအားကစားယုံ မြေကြီးထဲကနေ အင်္ဂလိပ် science ကားတွေထဲကလိုမျိုး ခြေအများကြီးနဲ့ အကောင်ကြီး ထွက်လာတယ်။အားလုံးက ဟိုပြေးဒီပြေး။ အဲ့ဒီအကောင်ကြီး က ကျွန်တော့်စီကပ်လာတယ်။ဘာဆက်ဖြစ်မလဲဆိုတာ တွေးရုံကလွဲပြီး ဘာမှမတွေးမိတော့။
အဲ့ဒီအကောင်ကြီး တခြားဘက်ပြေးသွားပြန်တယ်။လူတွေ ဟိုရှောင်လိုက် ဒီရှောင်လိုက် နဲ့
ရုတ်ရုတ်သည်းသည်း.. ခဏနေတော့ အဲ့ဒီအကောင်ကို လူကြီးတွေ အများကြီးက ဖမ်းမိလိုက်သလို မျိုး အခြေအနေက ညိမ်သက်သွားတယ်။အဲ့ဒီအကောင်ကြီး ရှိမယ်လို့ထင်ရတဲ့ နေရာရဲ့ ဘေးမှာ လူတွေဝိုင်းအုံနေတယ်။ကျွန်တော်သွားမကြည့်ဘူး။
သွားလဲမကြည့်ရဘူး။ခဏကြာတော့ လူတွေပြန်ကွဲသွားချိန်မှာ အဲ့ဒီ့စက်ရုပ်ပင့်ကူအကြီးစားလိုလို ခြေအများကြီး ပါတဲ့ အကောင်ကနေ ခွေးလိုလို မြေခွေးလိုလို ဖြစ်သွားတယ်။ဘယ်လိုပဲဖြစ်ဖြစ် ပြီးသွားပြီလို့ တွေးတဲ့ အချိန်မှာ ကျွန်တော်က ကမ်းခြေလိုလို သဲပြင်ကြီးထဲကို ရောက်နေတယ်။ဘယ်ဆက်ဖြစ်မလဲလို့ တွေးတဲ့အချိန်မှာ မိုးဖွဲဖွဲလေးစရွာတယ်။

ကျွန်တော် အပေါ်ကိုမော့ကြည့်တဲ့ အချိန်မှာ မိုးမဟုတ်ပဲ ကောင်းကင်ပေါ်က သဲပေါ်င်းများစွာ ကျဆင်းနေတယ်။ကျွန်တော်တွေးမိတာက အဲ့ဒီသဲတွေဖုံးအုပ်ပြီး ကျွန်တော်တို့ အဲ့ဒီမှာပဲ ထာဝရ ရှိနေတော့မယ်ပေါ့်။ကျွန်တော် ဘယ်နေရာမှာ သွားပုန်းရမလဲမသိ။နောက်ဆုံးတော့ လက်ထဲ ခေါ်င်းအုံး လိုလို ပစည်း တစ်ခုပါလာတော့ ကျောက်တုံးတွေရှိတဲ့ နေရာနားမှာ ကိုယ်ကို ကျောက်တုံးတွေရဲ့ အကွယ် မှာနေပြီး ခေါ်င်းကို ခေါ်င်းဦးနဲ့ ဖုံးအုပ်ထားပါတယ်။
အဲ့ဒီအချိန်မှာ လူမရှိတော့သလောက် တိတ်ဆိတ် နေပါတယ်။

ဒါပေမဲ့ အဲ့ဒီ့ သဲဟာ ကျွန်တော်တွေးထားသလို အမျဲ မရွာပဲ ခဏနေတော့ ရပ်သွားပါတယ်။လူ
သံတွေပြန်ကြားရလို့ ကျွန်တော် ထထွက်လိုက်တဲ့အချိန် အဖြူရောင် (ဘာလဲမသိ) တစ်ခု ဖြတ်သွားလို့ အဲ့ဒါ၇ပ်သွားတာဆိုပြီး ကြားနေရတယ်။လူတွေကတော့ ကိုယ့်နေရာက ကိုယ်ပြန်ထနေကြပြီ။

အဲ့ဒီအချိန်မှာ ကျွန်တော် စတိုးဆိုင်ကြီး တစ်ဆိုင်ကို ရောက်သွားတယ်။နောက်တော့ စတိုးဆိုင်ကြီးရဲ့ အပေါ်ထပ်လို့ ထင်ရတဲ့ အခန်းတစ်ခန်းမှာ လူဆိုးတွေက ကျွန်တော့်ကိုဖမ်းထားတယ်။ကျွန်တော်တို့ စီမှာ အင်္ဂလိပ်ကားတွေထဲက အကောင်တွေကိုသတ်တဲ့ လက်နက်တစ်ခုစီ ရှိနေကြတယ်။အဲ့ဒီလက်နက်ထိတာနဲ့ တစ်ခုခု
ဖြစ်နိုင်တယ်။အဲ့ဒီအချိန်မှာ ကျွန်တော်ပစ်လိုက်တာကြောင့် လူဆိုးအားလုံးသေသွားပေမဲ့ လူဆိုးတစ်ယောက်က ကျွန်တော့် မျက်စိနားကို လှမ်းပစ် လိုက်တယ်။ကျွန်တော် ပစ်လို့ ခံရတဲ့ နာကျင်မှုကို ခံစားကြည့်တယ်။ဒါပေမဲ့မရဘူး။ ပစ်ပေမဲ့ ကံကောင်းတာက ရေတွေပဲ။ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကျွန်တော် မျက်စိကို အမြန်ပိတ်မိသွားတာကြောင့် ဘာမှမဖြစ်မိဘူ။အဲ့ဒီအချိန်မှာ သူတို့တွေ ဟိုသွားဒီသွားနဲ့ အလုပ်ရှုပ်နေကြတယ်။ကျွန်တော်နဲ့ နောက်တစ်ယောက်ကို ဖမ်းထားတယ်။သူ့တို့ လစ်တဲ့အချိန်ကြတော့ ကျွန်တော်က ရေးချိုးခန်းထဲက လေ၀င်ပေါ်င်ကနေ လိုက်ကာနဲ့ အောက်ကိုတွဲဆင်းသွားတယ်။ကျွန်တော့်ရင်ခုန်နေတယ်။

အောက်မှာ လူဆိုးတစ်ယောက်ရှိတယ်။အဲ့ဒီလူဆိုးက ဧည့်သည်အခန်းထဲမှာ။အဲ့ဒီလူဆိုးမတွေ့အောင်ကျွန်တော် အပြင်ထွက်ရမယ်။

ဒါပေမဲ့ ဒီတစ်ခေါ်က်တော့ လွယ်လွယ်နဲ့ ဧည့်ခန်းကို ကျော်သွားတယ်။ကောင်တာရောက်တော့
ကောင်တာ ကလူ တွေမှာ လက်နက်တစ်ခုစီရှိတယ်။အရှေ့မှာ ၀ယ်သွားတဲ့ လူကို သူတို့ ပစ်လိုက်တယ်။ကျွန်တော့်ကို သူတို့ လက်နက်နဲ့ လှမ်းချိန်ပြီးပစ်လိုက်တယ်..ူ.
ဒါပေမဲ့ ဘာခံစားချက်မှ မရှိတာနဲ့ အပြင်ကို ရောက်သွားတယ်။ကျွန်တော့်အိမ်ကို ပြန်ပြေးတယ်။သူလဲ လိုက်တယ်။ပြေးရင်းပြေးရင်းနဲ့ ကျွန်တော်တို့နှစ်ယောက် မာရသွန် ပြေးနေရသလို မျိုးဖြစ်နေတယ်။ နောက်တော့ ကျွန်တော့်အိမ်ရောက်သွားတယ်။မနက်စာစားတယ်…..

ခဏနေတော့ တစ်ဖြေးဖြေး နေရာတွေပြောင်းသွားတယ်။ကျွန်တော်အခု မြင်နေရတာက အမေ။ဘယ်နေရာရောက်ပြီလဲ စဉ်းစားတယ်။အိပ်ရာထဲမှာပဲ။

အချိန်ကြည့်တော့ ၇း၀၀။ခုလို ထူးဆန်းတဲ့အဖြစ်အပျက်တွေကို တကယ်မဟုတ်ပဲ အိမ်မက်ထဲမှာ မက်ခဲ့ရပါတယ်။ ဒါ့ကြောင့်ကျွန်တော် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပြီး အခု ဒီစာကို “အိမ်မက် ကမ္ဘာ” ဆိုပြီး ရေးလိုက်တာပါ။

ကောင်းမြတ်ထက်
၇း၄၁မိနစ် ၊ သြဂုတ် ၁၆ ၂၀၀၉

မှတ်ချက် – ဖတ်ပြီးပါက Comment ချန်ပေးခဲ့ပါ။

Posted in တစ်ခြား | Tagged: | 8 Comments »

ကောင်လေး နှင့် ကောင်မလေး

Posted by lawlawsal on January 5, 2009

ကောင်မလေး နှင့် ကောင်လေး တို့သည် လမ်းပေါ်တွင် ၁နာရီမိုင်၁၀၀နှုန်း ဖြင့်
ဆိုင်ကယ်စီးလာကြသည်…


ကောင်မလေး ။ဖြည်းဖြည်းမောင်းပါဟာ ငါကြောက်လာပြီ၊
ကောင်လေး ။ ပျော်စရာကောင်းပါတယ်၊
ကောင်မလေး ။မကောင်းပါဘူး ငါတကယ်ကြောက်လာပြီ၊
ကောင်လေး ။အဲဒါဆိုရင် ငါကိုချစ်တယ် လို့ပြော၊
ကောင်မလေး ။အင်း ငါ နင့်ကို ချစ်တယ်။ အရှိန်ရှော့တော့နော်၊
ကောင်လေး ။အခု ငါ့ကို နောက် ကနေ ခပ်တင်းတင်း ဖက်ထားပေး
ကောင်မလေးက နောက်မှ ကြင်နာမှု များဖြင့်ဖက်လိုက် သည်။
ကောင်လေး ။ နင် ငါ့ဦးထုပ် ကို ယူဆောင်း လိုက်ပါလား၊ ငါ အဲဒီဟာ ကြီး
ဆောင်းရတာ ယားလာပြီ…

နောက်နေ့သတင်းစာထဲတွင် မော်တော်ဆိုက်ကယ်တစ်စီး ဘရိတ်မကောင်းမှု ကြောင့်
အဆောက်အဦထဲ သို့ဝင် တိုက်မိကြောင်း၊ ထိုဆိုက်ကယ်ပေါ်တွင် လူနှစ်ဦး
ပါရှိကြောင်း၊ သို့သော် တစ်ဦး သာ အသက်ရှင် ကျန်ရှိ ကြောင်း ပါ လာသည်။

အမှန်မှာ လမ်းတစ်ဝက်ကတည်းက ကောင်လေးသည် ဘရိတ်ပေါက်နေသည် ကို သိပေသည်၊ သို့သော်
သူ့ကောင်မလေး အားမသိစေချင်ခဲ့၊ ထို့အပြင် ကောင်မလေး ထံမှ ချစ်တယ် ဟူသော
စကား နှင့် ယုယ မှု များကို နောက်ဆုံးအကြိမ်ခံယူ သွားကာ
မိမိသေခဲ့လျှင်ပင်ကောင်မလေး အသက်ရှင်နိုင်ရန်ု ကောင်မလေး အား
သူ့ဦးထုပ်ကို ဆောင်းစေခဲ့သည်။

Posted in ဟာသများ နှင့် ဗဟုသုသ | Tagged: | Leave a Comment »

အိုသွားသောအခါ

Posted by lawlawsal on January 5, 2009


- ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး…
ငါ့ကိုနားလည်းပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

- ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊ လုံချည်၊
ဖိုသီဖတ်သီဖြစ်နေတဲ့အခါ အညစ်အကြေးတွေ မထိမ်းသိမ်းနိုင်တော့တဲ့ ငါ့ကိုမရွံပါနဲ့…
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။


- အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြေတ်ဘဲကျေးဇူးပြုပြီးသည်းခံ နားထောင်ပေးပါ…
ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ
ဇာတ်ကြီးဆယ်ဘွဲ့တွေစတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်းငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။


- မလှုပ်ရှားနိုင်လို့ ရေးချိုးဖို့အကူအညီလိုတဲ့အခါ မငြိုငြင်ပါနဲ့…
ငယ်ငယ်တုန်းက ချော့တစ်လှည့်ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

- ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့…
ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာငါပြန်ဖြေခဲ့တာတွေကို သတိရပေးပါ။

- စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးကြပါ…
လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

- တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါကို ကြည့်ပြီးဝမ်းနည်းပါနဲ့ နားလည်ပေးပါ၊ အားပေးပါ..
အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ၊
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ၊ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့မေတ္တာတွေ တွေ့ရမှာပါ..

ကျွန်တော်ဖတ်ဖူးတာလေးပါ။ အားလံးပဲ မျှဝေခံစားနိုင်ကြပါစေဗျာ..

Posted in တစ်ခြား | Tagged: | Leave a Comment »