Posted by lawlawsal on August 13, 2009
အဆိုတော်သရုပ်ဆောင် ဇော်ဝမ်းဟာ (၁၂.၈.၀၉) ရက်နေ့မှာ ကြွေလွင့်သွားကြောင်း သတင်းရပါသည်။အဆိုတော်သရုပ်ဆောင် ဇော်ဝမ်းဟာ ၁၂ ရက်နေ့ ည ၉း၀၀ လောက်မှာ ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာ သတင်းရရှိပါတယ်။မိသားစုနှင့်တကွ ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်..
သတင်းတင်သူ – ရဲပိုင်ဖြိုး[ mistake51area.tk (member)] အားအထူးကျေးဇူးတင်ပါတယ်။
Posted in တစ်ခြား | Tagged: News | 1 Comment »
Posted by lawlawsal on August 11, 2009
၁၁ ရက် နေ့ မနက် ၂း၃၀ အချိန်လောက်မှာ ရန်ကုန်မြို့အတွင်း မြေငလျှင်လုပ်ခဲ့ကြောင်းသိရှိရသည်။အချို့သောသူများမှာ သိရှိကြချင်း မရှိ (ကျွန်တော်အပါအ၀င်ပေါ့်) ခဲ့ပါ။ထို့ သော လူအများစုမှာပင် ခေါ်င်းမူးခဲ့ကြောင်း ၊
မနက်အထိမူးတဲ့ အထိ ငလျှင်ဟာ ပြင်းထန်ခဲ့ကြောင်း ၊ အချို့တိုက်ခန်းမှ လူများမှာ အောက်သို့ ပင်ပြေးဆင်းသွားကြောင်း သိရှိရသည်။
မြေငလျှင်ဟာ အသင့်အသင့်ပြင်းထန်းကြောင်း၊ အချို့နေရာတွင် လှုပ်ရှားမှု ၁ မိနစ် ၊ ၂ မိနစ်ခန့်၇ှိကြောင်း၊ အချို့နေရာတွင်မူ ၅ မိနစ်ခန့်၇ှိကြောင်း သိရှိရသည်။ထိုငလျှင်မှာမူ ပြင်းအား ၇.၄ မူရှိခဲ့ပါတယ်။် အိန္ဒိယသမုဒ္ဒရာအတွင်း ကိုမူပြင်းအား ၇.၆ ရှိကြောင်း နှင့် နံနက် ၄း၀၀ တွင် ဂျပန်နိုင်ငံတွင် ပြင်းအား ၆.၄ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။
Posted in တစ်ခြား | Tagged: News | Leave a Comment »
Posted by lawlawsal on July 12, 2009


ဒီပုံတွေကြည့်ပြီး အရမ်းလဲ မလန့်သွားပါနဲ့။ Forum တွေတော်တော်များများမှာ ဒီပုံတွေက နာမည်ကြီး ဇာတ်ကား TV series LOST ထဲက ပုံတွေလို့ တော့ ပြောနေကြတယ်ဗျာ။ကျွန်တော်ကတော့ သိပ်မပြောတတ်ပါဘူးဗျာ။ကျေးဇူးတင်ပါတယ်။
Credit to thegunners.sky2
Posted in တစ်ခြား | Tagged: News | Leave a Comment »
Posted by lawlawsal on July 3, 2009
လတ်တလော မြန်မာပြည်တွင် ပေါ်ပေါက်နေသည့် Funny Virus သည် ဝင်းဒိုး အစိတ်အပိုင်းများကို ဖျက်ဆီးနိုင်သည် အထိ အဖျက်စွမ်းအား အလွန်ကောင်းကြောင်း ကွန်ပျူတာ ပညာရှင်များက ပြောသည်။
၎င်း Virus မှာ မေ လလယ်ခန့်က စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဇွန်လဆန်းတွင် မြန်မာပြည်တွင်း၌ အလွန် ခေတ်စားနေပြီဖြစ်ကြောင်း ကြားသိရသည်။
Funny Virus ဝင်ထားသည့် ကွန်ပျူတာကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ၎င်းကွန်ပျူတာ၏ ဝင်းဒိုး အစိတ်အပိုင်း များ ပျက်စီးသွားမည်ဖြစ်ကြောင်း ရန်ကုန် ICT Park တွင်အလုပ်လုပ်သည့် ကွန်ပျူတာ ပညာရှင်တဦးက ဆိုသည်။ ၎င်း Virus သည် အီးမေးလ်မှ တဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီး အီးမေးလ်ဖွင့်သည့်အချိန်တွင် ထိုစက်၏ hard drive အတွင်း၌ ရှိနေမည်ဖြစ်သည်။
ကွန်ပျူတာကို ဖွင့်လိုက်လျှင် ဖိုင်တခုပေါ်လာမည်ဖြစ်ပြီး ၎င်းဖိုင်ကိုဖွင့်လိုက်ပါက ဖန်သားပြင်ပေါ်၌ သနပ်ခါး လိမ်းထားသည့် “ဥမ္မာစိုး” အမည်ရှိ မြန်မာဆန်ဆန် မိန်းကလေး တယောက်ပုံ ပေါ်လာ၍ သူ့အသက်ကို မေးထားကြောင်း၊ ဖြေလိုက်သည်နှင့် တပြိုင်နက် စက်ပိတ်သွားကြောင်း ၎င်းက ရှင်းပြသည်။
“Win32.Autorun.fzk ဆိုပြီးနာမည်ပေးထားတယ်။ မဖြေလည်းမရဘူး ဖွင့်မိတာနဲ့သွားပြီ။ အများဆုံးထိတာ အင်တာနက် ကဖေးတွေပဲ” ဟု ၎င်းက ဆက်ပြောသည်။
ဆက်လက်၍ သူက မြန်မာပညာရှင်များနှင့် ရုရှားပညာရှင်များ ပူးပေါင်း ဖန်တီးသည့် Virus ဖြစ်နိုင်သည်ဟု ဆိုသည်။
“kaspersky လို့ခေါ်တဲ့ Virus သတ်တဲ့ဆော့ဖ်ဝဲ တခုတည်းနဲ့ သတ်လို့ရတယ်။ အဲဒီဆော့ဖ်ဝဲက ရုရှားက ထုတ်တာ၊ လိုင်စင်နဲ့ အမှန်အကန် ဝယ်ပြီးသတ်ရတာ။ ကြည့်ရတာ သူတို့ဘာသာသူတို့ ဖန်တီးတဲ့ Virus မို့လို့ သူတို့ ထုတ်ထားတဲ့ ဆော့ဖ်ဝဲနဲ့ ပြန်သတ်နိုင်တာ ဖြစ်မယ်” ဟု ကွန်ပျူတာပညာရှင်က ပြောသည်။
အင်တာနက်ဆိုင်များတွင် လာရောက်သုံးစွဲသူများသည် ကိုယ်ပိုင်ခရီးဆောင်ကွန်ပျူတာများကို ယူဆောင်လာ ကာ အသုံးပြုတတ်သောကြောင့် ၎င်း ပြင်ပ ကွန်ပျူတာများမှတဆင့် ဆိုင်များသို့ Funny Virus ဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ကဖေးဆိုင် တဆိုင်မှသိရသည်။
ထို့ပြင် KMD ကွန်ပျူတာ စင်တာမှ IT ပညာရှင်တဦးကလည်း “Funny Virus ကို သတ်လို့ရပေမယ့် သူက စက်ထဲမှာ ကျန်နေတုန်းပဲ။ အဲဒီ Virus ကိုသတ်ပြီးရင် ဝင်းဒိုးကို ပြန်တင်ရတယ်” ဟုပြောသည်။
ဖေဖော်ဝါရီလ အတွင်းကလည်း မြန်မာနိုင်ငံရှိ ကွန်ပျူတာအသုံးပြုသူများကြားတွင် Happy Birthday ဆိုသည့် Virus တမျိုးပေါ်ပေါက်ခဲ့ဖူးသည်။ ၎င်း Virus ကြောင့် အင်တာနက် ကဖေးများစွာနှင့် အစိုးရရုံးများရှိ ကွန်ပျူတာ များ ပြဿနာတက်ခဲ့ရသည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1254:funny-virus–&catid=1:news&Itemid=2
Posted in တစ်ခြား | Tagged: News | Leave a Comment »
Posted by lawlawsal on June 27, 2009
ကမ္ဘာကျော်ပေါ့်အဆိုတော် မိုက်ကယ်ဂျက်ဆင်ဟာ ၂၅ရက်နေ့ နေလည်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ရုတ်တရက် နှလုံးရောဂါနဲ့ နေအိမ်မှာ လဲကျသွားခဲ့ပါတယ်။ဆေးရုံသို့ ရောက်ချိန်မှာသူဟာ သတိမေ့မျောနေပါပြီ။ဆရာဝန်တွေကလည့် သူ့ကိုမကယ်တင်နိုင်တော့ပါဘူး။
မိုက်ကယ်ဂျက်ဆင်ဟာ အခုလန်ဒန်မှာ ဖြေဖျော်မဲ့ဆဲဆဲပါပဲ။သူ့ ဖျော်ဖြေရေးအတွက် လွန်ခဲ့တဲ့ ၂ လလုံးလုံကြိုတင်လေ့ကျင့်နေခဲ့ပါတယ်။မိုက်ကယ်ဂျက်ဆင်ဟာ ဂရမ်မီဆုတွေလည့်ရခဲ့တဲ့အပြင် ဓာတ်ပြားချပ်ရေ သန်း၇၅၀ အရောင်းရဆုံး စရင်းဝင်ခဲ့ပါတယ်။သူဟာ ကမ္ဘာမှာ အကြီးမားဆုံး ဖျော်ဖြေရေး ဂီတ ပညာရှင်အဖြစ် ကမ္ဘာမှာတင်ကျန်ရစ်မှာဖြစ်ပါတယ်။
မိုက်ကယ်ဂျက်ဆင် (၅၀) နှစ်ဟာ နှလုံးရောဂ့ နဲ့ အခုလို ရုတ်တရက်ကွယ်လွန်ခဲ့တဲ့အတွက် ကမ္ဘာတစ်ဝန်းက သူ့ပရိသတ်၊သူ့မိသားစု၊သူ့ရဲ့ ဂီတရုပ်ရှင် အပေါ်င်းအသင်းများက အထူးဝမ်းနည်းကြေကွဲကြပါတယ်။သူ့အလောင်းကို ဟယ်လီကောပတာနဲ့ သူ့နေအိမ်ကို တင်ဆောင်လာကြပါတယ်။
Posted in တစ်ခြား | Tagged: News | Leave a Comment »